Wednesday, April 23, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များတွေ့ဆုံပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နေပြည်တော်-ဧပြီ(၂၃)
ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ တွေ့ဆုံပွဲနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။

ယင်းနောက် ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ်မောင်မယ်များ တွေ့ဆုံပွဲ ပြုလုပ်ရေးကိစ္စနှင့်စပ်လျဉ်း၍ စီစဉ်ထားရှိမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ရှင်းလင်းတင်ပြသည်။
ထို့နောက် ကင်းထောက်စခန်းချ တွေ့ဆုံပွဲကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကလည်းကောင်း၊ ထူးချွန်ကြက်ခြေနီများ စခန်းသွင်း လေ့ကျင့်ခြင်းနှင့် စုပေါင်း တွေ့ဆုံခြင်းကိစ္စရပ်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ၂၀၁၄ ခုနှစ် မေ(၃)ရက်တွင် ကျင်းပမည့် စုပေါင်းတွေ့ဆုံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲကိစ္စရပ် များနှင့်စပ်လျဉ်း၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ 

No comments:

Post a Comment