Wednesday, April 23, 2014

မေ(၁)ရက် ကျပ် ၂၀၀ တန်ထီဖွင့်မည်

ရန်ကုန်-ဧပြီ(၂၃)
(၃၀၄)ကြိမ်မြောက် ကျပ် ၂၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ တစ်ရက်တည်းဖြင့်အပြီးဖွင့်လှစ်မည်ဖြစ်သည်။

 တန်ဖိုးအလိုက် ဆုမဲများမှာ ကျပ်သိန်း ၁၅၀၀ (၁)ဆု၊ ကျပ်သိန်း ၁၀၀၀(၁)ဆု၊ ကျပ်သိန်း ၅၀၀(၁)ဆု၊ ကျပ်သိန်း ၃၀၀(၃)ဆု၊ ကျပ်သိန်း ၂၀၀(၅)ဆု၊ ကျပ်သိန်း ၁၀၀(၁၃)ဆု၊ ကျပ် ၁၀ သိန်း (၃၇၇)ဆု၊ ကျပ် ၅သိန်း(၁)ဆု၊ ကျပ် ၃ သိန်း (၁၂၁)ဆု၊ ကျပ် ၂သိန်း (၁၁၇၅)ဆု၊ ကျပ် ၁သိန်း(၁၁၇၆၆)ဆု၊ ကျပ် ၅ သောင်း(၉၉၉၉)ဆု အပါအဝင် ဆုမဲပေါင်း (၂၃၄၆၃)ဆုဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment