Thursday, April 24, 2014

မီဒီယာများ သတင်းရယူနိုင်ရေး ဆက်သွယ်မေးမြန်းနိုင်

နေပြည်တော်-ဧပြီ(၂၃)
ဘက်စုံပညာထူးချွန်စခန်းများကို ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့တွင် ဧပြီ ၂၈ ရက်မှ မေ ၁ ရက်အထိလည်းကောင်း၊ ထူးချွန်ကြက်ခြေနီ လူငယ်များအတွက် စခန်းသွင်း လေ့ကျင့်ခြင်း၊ ပြိုင်ပွဲကျင်းပခြင်း၊ ရွေးချယ်ခြင်းနှင့် လေ့လာရေးခရီးစဉ်များကို ရန်ကုန်မြို့ အမှတ်(၁) စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း (ဘုရင့်နောင်)တွင်
ဧပြီ ၂၃ ရက်မှ မေ ၁ ရက်အထိ လည်းကောင်း၊ ကင်းထောက် မောင်မယ်များတွေ့ဆုံပွဲကို ပြင်ဦးလွင်စခန်း၌ ဧပြီ ၂၈ ရက်မှ မေ၂ ရက်အထိလည်းကောင်း ဖွင့်လှစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး ၎င်းအဖွဲ့များအနေဖြင့် မေ ၃ ရက်နှင့် ၄ ရက်တို့တွင် နေပြည်တော် စုပေါင်းစခန်း၌ အခြေပြု၍ ထူးချွန်လူငယ်တွေ့ဆုံပွဲတက်ရောက်ခြင်း၊ လေ့လာရေးခရီးလည်ပတ်ခြင်းတို့ကို ဆောင်ရွက်ကြမည် ဖြစ်သည်။

 သတင်းရယူလိုသည့် မီဒီယာများအနေဖြင့် ဘက်စုံပညာထူးချွန် လူငယ်စခန်းများနှင့် ပတ်သက်၍ အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မြင့် (ငွေဆောင်စခန်းမှူး) ဖုန်း ၀၉၅၆၆၁၁၄၈၊ အမှတ်(၂) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးချစ်ဆွေ(အင်းလေးစခန်းမှူး) ဖုန်း ၀၉၅၂၁၃၅၅၅၊ ဒေါက်တာ စိုးမြင့်ထွန်း(ပုဂံစခန်းမှူး) ဖုန်း ၀၉၂၀၀၃၂၃၆ နှင့် ဦးခင်မောင်မြင့် ဖုန်း ၀၉၄၄၄၀၀၃၉၄၅ တို့သို့လည်းကောင်း၊ ထူးချွန်ကြက်ခြေနီ လူငယ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသာလှရွှေ ဖုန်း ၀၉၈၅၅၃၂၉၂၊ ညွှန်ကြားရေးမှူး ဦးမြင့်စိန် ဖုန်း ၀၉၈၅၅၃၂၇၆ နှင့် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ ဖုန်း ၀၉၈၅၅၃၂၉၃ တို့သို့လည်းကောင်း၊ ကင်းထောက်လူငယ် စခန်းနှင့်ပတ်သက်၍ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် ဖုန်း ၀၉၈၃၀၅၁၁၁၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် ဖုန်း ၀၉၂၀၀၀၀၀၅၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးတင်လှိုင် ဖုန်း ၀၉၅၀၀၀၉၆၂ နှင့် ပြင်ဦးလွင် ကင်းထောက်စခန်း ကြီးကြပ်မှုကော်မတီ အကြံပေးဦးအေးကြိုင် ဖုန်း ၀၉၈၅၀၀၄၇၉ တို့သို့လည်းကောင်း နေပြည်တော် စုပေါင်းစခန်းနှင့်ပတ်သက်၍ အမှတ်(၂) အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း(စခန်းမှူး)ဖုန်း ၀၉၈၃၀၆၇၃၃ နှင့် ညွှန်ကြားရေးမှူး ဦးမြင့်ဇော် (ဒုတိယစခန်းမှူး) ဖုန်း ၀၉၄၃၁၂၄၁၉၄ တို့သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment