Thursday, April 24, 2014

ကမ္ဘာ့စာအုပ်များနေ့ အထိမ်းအမှတ် ဗြိတိသျှကောင်စီ၌ကျင်းပမည်

ရန်ကုန် ဧပြီ ၂၃
ကမ္ဘာ့စာအုပ်များနေ့အဖြစ် အထိမ်းအမှတ် အစီအစဉ်များကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိဗြိတိသျှ ကောင်စီစာကြည့်တိုက်၌ ဧပြီ ၃၀ ရက်၌ကျင်းပသွားမည်ဟုသိရသည်။


အဆိုပါနေ့တွင်အသက်ငါးနှစ်မှ ၁၁ နှစ်အထိ ကလေးများကို အုပ်စုခွဲ၍ ဆေးရောင်ချယ်ပြိုင်ပွဲ ကျင်းပခြင်း၊ ကလေးများအတွက် စိတ်ဝင်စားဖွယ် ပုံပြင်များဖတ်ပြပေးခြင်းများကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။ ထို့အပြင် စာပေချစ်မြတ်နိုး သူများအတွက် စာရေးဆရာဆူဒိုနင် (ခ)အတ္တကျော်၏ “သတင်းကို ချင့်ချိန် ပိုင်းခြားလက်ခံနိုင်စွမ်း” ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးပွဲကျင်းပသွား မည်ဟုသိရသည်။

No comments:

Post a Comment