Thursday, April 24, 2014

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ၌ ဘ၀အလင်းရောင် စာကြည့်တိုက်တွင် စားငှား/စာဖတ်များဖြင့် စည်ကားလျှက်ရှိ

ထားဝယ် ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊သပြေချောင်းကျေးရွာတွင် ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က ဘ၀အလင်းရောင် စာကြည့်တိုက်၌ ဒေသခံပြည်သူများ သည်စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ လာရောက် ငှားရမ်းလျှက်ရှိသည်။


ထို့နောက် အခြေခံပညာ စာကြည့်တိုက်ပညာ (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၁၄) အခမ်းအနားကို ဆက်လက်ကျင်းပရာ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မူမူအေးက စံ(၅)ရပ်နှင့် ညီညွှတ်သည့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးကို စာကြည့်တိုက် ကော်မတီဝင်များက စာကြည့်တိုက်ပညာရပ်များနှင့် အညီ စာအုပ်များ ထိန်းသိမ်းခြင်း၊ စနစ်တကျ မှတ်ပုံတင်ခြင်းနှင့်ငှားရမ်းခြင်း လုပ်ငန်းများ အကြောင်းကို လည်းကောင်း သင်ကြားပို့ချပြီး မူးယစ်ဆေး ၀ါးအန္တရာယ်တားဆီး ကာကွယ်ရေး ပညာပေးအကြောင်းကို လည်းကောင်း ဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူးက စာအုပ်များ မျိုးတူစုခွဲခြင်းနှင့် မှတ်သားနည်း/ ထိန်းသိမ်းနည်း/ထားသို နည်းများကို စာကြည့်တိုက် ကော်မတီဝင်များအား နည်းလမ်း ပြသပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment