Friday, April 25, 2014

ကော့သောင်းမြို့တွင် ဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွား

ကော့သောင်း ၊ ဧပြီ ၂၃ ရက်
ကော့သောင်းမြို့ ၊ ကော့သောင်း-ဘုတ်ပြင်း အေ၀းပြေးလမ်း ပိုင်း၊ ဘန်းကချွန်ကျေးရွာတွင် မော်တော်ဆိုင်ကယ်နှင့် ISUZU ထရပ်ကား ခေါင်းခြင်းဆိုင်တိုက်မှု ဖြစ်စဉ်တစ်ခု ဧပြီ ၂၃ ရက် နံနက်(၉း၃၀)နာရီ အချိန်ကဖြစ်ပွားသည်။


ဖြစ်စဉ်မှာ ခမောက်ကြီးမြို့နယ်ခွဲ၊ အမှတ်(၄) ရပ်ကွက် ၊ဖေါင်ဆိပ် ရွာနေ မောင်ကျော်ဌေး၊ အသက်(၃၀) နှစ်(ဘ) ဦးကျော်သိန်း ၊ ဆိုသူစီးနှင်းလာသည့် YAMAR (NOUVO) အမျိုးအစား ၊ (အော်တိုဂီယာ)ကျောက်စိမ်းရောင် မော်တော်ဆိုင်ကယ်သည် ခမောက်ကြီးဖက်မှ ကော့သောင်းမြို့သို့အလာ၊ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်း ပိုင်း ၊ ဘန်းကချွန်ကျေးရွာအ၀င် လမ်းကွေ့တစ်ခုတွင် မိမိရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်တစ်စီးအား အရှိန်ပြင်းစွာ ကျော်တက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ကော့သောင်းမှ ခမောက်ကြီးဖက်သို့ ယာဉ်မောင်း ဦးထွန်းဦး (၅၇)နှစ် မောင်းနှင် လာသည့် ISUZU ထရပ်ကား ယာဉ်အမှတ် ၉ဃ/ ၅၈၅၄ (အပြာရောင်)၏ ဦးခေါင်းပိုင်း ၀ဲဖက်အခြမ်းသို့ ၀င်တိုက်မိသဖြင့် ဆိုင်ကယ်မှာ မိမိယာဉ်ကြောဖက်သို့ ပြန်လည် လွင့်စင်ကြေမွသွားကာ ဆိုင်ကယ်မောင်းနှင် လာသူ မောင်ကျော်ဌေး (၃၀)နှစ် ၊ ဦးခေါင်းကွဲအက် ဘယ်ဖက်ခြေတောက်ကျိုးကြေ ဒါဏ်ရာများ ဖြင့် နေရာတွင်ပွဲခြင်းပြီးသေဆုံးသည်။

မော်တော်ကားမှာ ကိုက်(၁၀၀)ခန့် အလွန်တွင် အင်ဂျင်ကွဲ၍ ထိုးရပ်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းမြို့ ရဲတပ်ဖွဲ့စခန်း ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက သေဆုံးသူအားဆေးရုံသို့ ပို့ဆောင်ပေးပြီး မော်တော်ယာဉ်မောင်းနှင်သူ ဦးထွန်းဦး (၅၇) နှစ်အား ယာဉ်တိုက်မှု ပုဒ်မ ယာဉ်(မ) ၁၅/၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment