Friday, April 25, 2014

ရေဖြူမြို့နယ်၌ မြို့နယ်အခြေပြူမူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းဖွင့်ပွဲကျင်းပ

ထားဝယ် ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ် အခြေပြု မူလတန်းဆရာ အတတ် ပညာ အထူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ဧပြီလ ၂၃ ရက် နံနက် (၉း၀၀) နာရီက အ.ထ.က၊ ရေဖြူမြို့ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ပညာရေးလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွယ်က အဖွင့် အမှာစကား ပြောကြားပြီး ရေဖြူမြို့နယ် ပညာရေးမှူး ဒေါ်အေးတင့်ရီက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆက်လက် ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား သင်တန်းသူ (၁၃၃)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၄-၄-၂၀၁၄)ရက်နေ့ မှစ၍(၂၄-၁၅-၂၀၁၄)ရက်နေ့ အထိ(၁)လ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment