Wednesday, April 23, 2014

ယာဉ်တိုက်မှုများ လျော့နည်းစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်


နေပြည်တော်     ဧပြီ    ၂၂

နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် နေ့စဉ်နှင့်အမျှ ယာဉ်အသုံးပြုအစီးရေများပြား လျက်ရှိရာ ယာဉ်မတော်တဆဖြစ်ပွားမှုများ လည်း နေ့စဉ်နှင့်အမျှဖြစ်ပေါ်လျက်ရှိသည် ကို တွေ့မြင်နေရ သည်။
ယာဉ်တိုက်မှု ဖြစ်ပွားရသည့်အဓိက အကြောင်းအရင်းများမှာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  နားမ လည်သော ကြောင့် လည်းကောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားလည်သော်လည်း လိုက်နာမှု မရှိခြင်းကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၏ စိစစ်ချက် အရသိရသည်။
သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့အရာထမ်းများမှယာဉ်တိုက်မှုမဖြစ်ပွားစေရေးအတွက် ယာဉ်မောင်းသူ များနှင့် ယာဉ်စီးနင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားလည်သဘောပေါက်စေ ရန် နေပြည်တော် ကောင်စီ နယ်မြေ ရှစ်မြို့နယ်တွင်မြို့နယ် အပိုင်းအခြား အလိုက် ဟောပြောပွဲ များပြု လုပ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားရသော ဖြစ်စဉ်များကို ပရိုဂျက်တာပါဝါပွိုင့် များဖြင့်ပြသ၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှ၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရသည်။
တစ်ဖက်မှလည်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာမှုရှိ၊ မရှိရှောင်တခင်စစ်ဆေးလျက်ရှိရာ ဧပြီ ၂၁ ရက် နံနက် ၉ နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးတာဝန်ခံ ဒုရဲမှူးတင်မောင်လတ် ဦးစီးသော ဇမ္ဗူသီရိယာဉ် စစ်ဆေးရေးအဖွဲ့သည် ပျဉ်းမနား-တောင်ညိုလမ်းမကြီး ၏ နေပြည်တော်စည်ပင် သာယာ ဧည့်ရိပ်သာအနီး တွင် မော်တော် ကား၊ မော်တော် ဆိုင်ကယ် များကို ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းလိုက်နာမှုရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်၍ လိုက်နာမှုမရှိသော ယာဉ်မောင်းများကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment