Thursday, October 31, 2013

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၈၁/၂၀၁၃
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက်
(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း

ဂန့်ဂေါ စစ်မှု ထမ်းဟောင်း ပညာသင် ထောက်ပံ့



မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီက ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပညာ သင်ကြား လျှက်ရှိသော ဂန့်ဂေါ မြို့နယ် စစ်မှု ထမ်းဟောင်း အဖွဲ့ဝင် များ၏ သားသမီးများ အတွက် ပေးပို့သည့် ပညာ သင် ထောက်ပံ့ ငွေများအား ပေးအပ် ထောက်ပံ့ပွဲကို အောက်တိုဘာ ၂၅ ရက်က ဂန့်ဂေါ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီးနှင့် ခရိုင်အတွင်း ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီများ တွေ့ဆုံ



စီမံကိန်းနှင့် ရင်းနှင်းမြုပ်နှံမှု ဆပ်ကော်မတီ ဥက္ကဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းနှင့် စစ်ကိုင်းခရိုင် အတွင်း ပြည်သူကို ဗဟိုပြုသော ဖွံ့ဖြိုးတိုးတက် ရေး အထောက် အကူပြု ကော်မတီများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို အောက်တိုဘာ (၃၀)ရက်၊ မွန်းလွဲ (၁၃) နာရီ အချိန်က၊ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ-ခရိုင်၊

ဒီကနေ့ရဲ့ ရာသီဥတု အခင်းအကျင်း

Weather News Update
31-10-2013, 10:40 am

ပေကျင်းရှိ တိန်အန်မင်ရင်ပြင် တိုက်ခိုက်မှု၌ လူငါးဦးကို တရုတ်အာဏာပိုင်များ ဖမ်းဆီးထား

ပေကျင်း  အောက်တိုဘာ   ၃၀
တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ရဲဝန်ထမ်းများက တိန်အန်မင်ရင်ပြင် ကားတိုက်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပါဝင် ပတ်သက်သည်ဟု သံသယရှိသူများနောက် လိုက်လံလျက်ရှိရာ လူငါးဦးကို ဖမ်းဆီးထားခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်က ယူရိုနယူးသတင်းတွင် ဖော်ပြသည်။

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦး အစ္စရေးတို့ ပြန်လွှတ်ပေး

ရာမာလာ့ခ်ျ၊ အောက်တိုဘာ  ၃၀
အစ္စရေးနိုင်ငံမှ ပြန်လွှတ်ပေး လိုက်သော ပါလက်စတိုင်း အကျဉ်းသားများအနက် ၂၁ ဦးသည် အနောက်ဘက်ကမ်း ဒေသ သို့   အောက်တိုဘာ ၃၀ ရက် အစောပိုင်းတွင် ပြန်ရောက်ရှိခဲ့ပြီး ကျန်ငါးဦးမှာ ဂါဇာကမ်းမြောင် ဒေသသို့   ဝင်ရောက် သွားခဲ့ ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များ ရေနစ်မြုပ်

စစ်ကိုင်း အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်း ခရိုင် စစ်ကိုင်းမြို့၌ အောက်တိုဘာ ၂၆၊၂၇ ရက်များက မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် မြို့ပေါ် ရပ်ကွက်များ ဖြစ်သော မင်းလမ်း၊ ပိုးတန်း၊ မိုးဇာ၊ ချင်းစု၊နန်းတော်ရာ၊ ရိုင်တန်းနှင့် နန္ဒဝန် ရပ်ကွက်များရှိ နေအိမ်များ ရေနစ်မြုပ် ခဲ့သည်။

နိုင်ငံခြားသားများအတွက် တစ်ခါသုံးဆင်းကတ်များ ရောင်းချမည်


နေပြည်တော် အောက်တိုဘာ ၃၀
မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်သို့ ခေတ္တလာရောက် လည်ပတ်သော နိုင်ငံခြားသားများ ဆက်သွယ်မှု လွယ်ကူစေရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တစ်ခါသုံး (One Time) GSM Perpaid SIM ကတ်များကို တစ်ကတ်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ် (Passport) ပြသဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များ

၃၀-၁၀-၂၀၁၃
ငါးသိုင်းချောင်းမြို့- ၁ ဒသမ ၁၀ လက်မ
ဟင်္သတမြို့- ၁ ဒသမ ၉၄ လက်မ
ကျောက်ဖြူမြို့- ၀ ဒသမ ၈၇ လက်မ
(မြန်မာ့အလင်း)

ထစ်ချုန်းမိုး

၃၀-၁၀-၂၀၁၃
နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။
(မြန်မာ့အလင်း)

ရေလွတ်ရာသို့ နွားများ ရွှေ့ပြောင်းသည့် သားအဖ ရေနစ်သေဆုံး

ရေတာရှည် အောက်တိုဘာ ၃၀
အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ရေတာရှည်မြို့နယ် ဆွာရွာမ ကျေးရွာနှင့် ခင်တန်းကျေးရွာ အကြား၌ စစ်တောင်း မြစ်ရေ လွတ်ရာသို့ နွားများအား ပို့ဆောင်စဉ် ကြိုးများဖြင့် ရစ်ပတ်မိပြီး သားအဖနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ငိုချင်နေတဲ့ကောင်းကင်- လက်တို့တော့မယ့် အရှေ့လေပွေလှိုင်း။

Weather News Update
30-10-2013 1:59 pm
အဲဒီနှစ်ခု နီးစပ်သွားကြတော့ ကောင်းကင်ကြီးအဖို့ “ငိုချက်လျက်လက်တို့” ဖြစ်သွားရတော့ တာပေါ့ဗျာ။ (၃၀-၁၀-၂၀၁၃) ရက် နံနက်(၆) နာရီခွဲ အချိန် တိုင်းတာချက် တွေအရ ရေငွေ့တွေနဲ့ ပြည့်နေတဲ့ လေထု အတွင်းကို အားပျော့တဲ့ အရှေ့ လေပွေလှိုင်း တစ်ခု တိုးဝင်လာတော့ တိမ်အစု လေးတွေ ဖြစ်သွားရ ပါတော့တယ်။
ဒေါက်တာထွန်းလွင်
(မှတ်ချက်- ဦးထွန်းလွင် ဖေ့ဘွတ်ခ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန်းရေနံမြေ တံတားရေလယ်တိုင် တစ်ခုနိမ့်ဆင်း တာပေါင်တစ်ခုကျိုးပေါက်

မင်းဘူး အောက်တိုဘာ ၃၀
ယခုရက်ပိုင်း အတွင်း မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မန်းရေနံမြေ တံတား အောက်ခြေ ရေလယ်တိုင် တစ်ခု နိမ့်ဆင်းသွားပြီး ကျောက်စံ ကျေးရွာနှင့် သံကန်တန်း (၇)ကြားရှိ တာပေါင် တစ်ခု ကျိုးပေါက် သွားကြောင်းသိရသည်။ 

သြစတြေးလျနိုင်ငံမှ သွားရောက်ပါဝင်ခဲ့သော အရှည်ကြာဆုံးသော စစ်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ၀န်ကြီးချုပ် ပြော

ကင်ဘာရာ အောက်တိုဘာ ၃၀
ဩစတြေးလျနိုင်ငံမှ သွားရောက် ပါဝင်ခဲ့သော အရှည်ကြာဆုံးသော စစ်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်၍ အာဖဂန် နစ္စတန်နိုင်ငံ   ဥရုဇ်ဂန်အရပ်မှ တပ်ဖွဲ့ဝင်များ ဆုတ်ခွာနေပြီဖြစ်ရာ ယခုနှစ်ကုန်ပိုင်းတွင် ရုပ်သိမ်းထွက်ခွာမှု ပြီးဆုံးလိမ့်မည် ဖြစ်ကြောင်း အာဖဂန်နစ္စတန်သို့ တိတ်တဆိတ်ရောက်ရှိနေသော ဝန်ကြီးချုပ် တိုနီအက်တ်ဘော့ဇ်က ကြေညာချက် တစ်ရပ် ထုတ်ပြန် လိုက်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၈၁/၂၀၁၃
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက်
(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း

ဥရောပအပေါ် အမေရိကန် ထောက်လှမ်းနေသည် ဆိုခြင်းကို အမျိုးသား လုံခြုံရေး အေဂျင်စီ ဥက္ကဌ ငြင်းဆို

ဝါရှင်တန်၊ အောက်တိုဘာ   ၃၀
ဥရောပမဟာမိတ် နိုင်ငံများအပေါ် အမေရိကန်က  ထောက်လှမ်းနေသည်ဆိုသည့် မီဒီယာသတင်းများသည်  လုံးလုံး မမှန်ကန်ဘဲ အမှားကြီးများသာ ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ အင်န်အက်စ်အေ ဥက္ကဋ္ဌ ကိစ် အလက် ဇန္ဒြားက အောက်တိုဘာ   ၂၉   ရက်တွင်   လွှတ်တော်အမတ်များကို ပြောကြားသည်။ 

Wednesday, October 30, 2013

တရားစွဲဆိုမှုများကို ခုခံချေပသွားမည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း ပြောကြား

ဗန်ကောက်၊ အောက်တိုဘာ ၂၉
ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်းတို့က ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူ များကို အင်အားသုံး နှိမ်နင်းသည့် သွေးထွက်သံယိုမှုနှင့် ပတ်သက်၍ မည်သည့် တရားစွဲဆိုမှုများကိုမဆို ခုခံချေပသွား မည် ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

ညောင်ဦးတွင် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း လေယာဉ်ကွင်းသွား လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွား


ညောင်ဦး အောက်တိုဘာ ၂၉
ညောင်ဦးတွင် လေယာဉ်ကွင်းလမ်းဆုံ၌ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း အတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်းဦးကြည်စိုး (၄၂)နှစ် ဆိပ်ဖြူမြို့၊ ဂျုပ်ချောင်းကျေးရွာနေသူ မောင်းနှင်လာသော မန္တလာမင်း လိုင်းကား သည် လေယာဉ်ကွင်းလမ်းဆုံအရောက် လေယာဉ်ကွင်းဘက်သို့ ချိုးကွေ့လာသည့် ယာဉ်မောင်း ဦးခင်မောင်ရင်  (၆၆)နှစ် ညောင်ဦးမြို့ သီရိပစ္စယာ တိုးချဲ့ (၄)ရပ်ကွက်နေသူ မောင်းနှင်လာသည့် မက်ခ်တူးတိုယိုတာမော်တော်ယာဉ် (အဖြူရောင်)တို့ အောက်တိုဘာ ၂၉ရက် ညနေ (၄း၃၀)အချိန်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့သည်။

လာလာချေပြီ - မပြီးသေးသော ပန်းချီကား


Weather News Update
30-10-2013, 00:33 am

ဆီးရီးယား၌ လုံခြုံရေးအခြေအနေ ဆိုးရွားမှုကြောင့် ဓာတုလက်နက်စစ်ဆေးမှု နှောင့်နှေးကြန့်ကြာ

ဘေရွတ်၊ အောက်တိုဘာ ၂၉
ဆီးရီးယားနိုင်ငံရှိ ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရန် ဖွဲ့စည်းထားသော နိုင်ငံတကာ စစ်ဆေးရေးမှူးများ အဖွဲ့သည် ဓာတုလက်နက် ထုတ်လုပ်သည့် အဓိကကျသော နေရာများကို ၀င်ရောက်စစ်ဆေးရန် အချိန်ဇယားအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြသည်။

ကန်တော်ကြီး ဆည်ရေသောက် မယ်ချဉ်ပေါင်အုတ်ရှပ်တားဆည် ကျိုးပဲ့ပျက်စီး


တောင်တွင်းကြီး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်း ခဲ့ခြင်း ကြောင့် ကန်တော်ကြီး ဆည်ရေသောက် တရုပ်ကော ကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာ တောင်တွင်းကြီး-မကွေးကား လမ်းမကြီးဘေးရှိ မယ်ချဉ်ပေါင် အုတ်ရှပ်တား ဆည်ကြီး၏ ၀ဲဘက်မြေသားတမံ အလျားပေ ၂၀၊ အနံပေ ၂၀၊ အမြင့်ပေ ၂၀ ခန့်သည် အောက်တိုဘာ ၂၉ ရက် နံနက် ၅ နာရီခန့်က ကျိုးပဲ့ပျက်စီးပြီး ရေစီးနောက် မျောပါသွားကြောင်း သိရသည်။
အဆိုပါ အုတ်ရှပ် တားသည် ကျိုးပဲ့ပျက်စီး သွားခဲ့သဖြင့် ဆုံကုန်းကွင်းမှ သဖန်းကုန်း၊ ကွမ်းခြံစု၊ ညောင်ရွာ ကျေးရွာများမှ ဒေသခံ တောင်သူများ၏ အခက်အခဲများ ကြုံတွေ့ရမည်ကို ဒေသခံ တောင်သူများ၏ မိုးစပါးစိုက်ခင်း ဧက ၃၆၀ တို့ အောင်ရေ အခက်အခဲများ ကြုံတွေ့ရမည်ကို ဒေသခံတောင်သူ အများစုမှာ စိုးရိမ်ပူပန်လျက် ရှိကြောင်း ဆည်ကော်မတီဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။



အငြင်းပွားကျွန်းစုအရေး၊ ဂျပန်က တရုတ်ကို သတိပေး



 တရုတ်နိုင်ငံ အရှေ့တရုတ်ပင်လယ်တွင်းရှိ အငြင်းပွားကျွန်းစုအရေးနှင့်ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးက သတိပေး ပြောကြားလိုက်သည်။ ဂျပန်အခေါ် ဆန်ကာကုနှင့် တရုတ်အခေါ် ဒိုင်အောယုကျွန်းစုအပေါ် နှစ်နိုင်ငံ အငြင်းပွား မှု မြင့်တက်လာစဉ် ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆုနော်ရီ အိုနိုဒေရာက မှတ်ချက်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပဲခူးမြစ်ရေတိုး၍ ရပ်ကွက်အချို့ ရေနစ်မြှုပ်



ပဲခူး အောက်တိုဘာ ၂၉
ပဲခူးမြို့၌ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ရပ်ကွက်များရှိ လမ်းမများပေါ်တွင် ရေလျှံလျက်ရှိပြီး ယနေ့ နံနက်ပိုင်း တွင် ရေများလျော့ကျသွားသော်လည်း ချောင်းဖျားမှာ ရေစီးဆင်းမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သော ကျွန်းသာယာ၊ ဇိုင်း/ တောင်၊ အိုးလေးစု၊ ကျောက်ကြီးစုနှင့် မဇင်းရပ်ကွက် များတွင် ပဲခူးမြစ်ရေများ ၀င်ရောက်လျက် ရှိကြောင်း သိရသည်။
(သုတ-ပဲခူး)