၂၀၁၃-ခုနှစ် ၊ ဇူလိုင်လ ၁ -ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း
အတွဲ(၁၈၂)၊ အမှတ် (၁)တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏
သားတော် ရဟန်းတစ်ပါးဖြစ်သည့် ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF
BUDDHIST TERROR " ခေါင်းစဉ်ဖြင့် " When the Buddhist go bad (ဗုဒ္ဓဘာသာဝင်
တွေ ဆိုးသွမ်း လာသောအခါ)" ဆောင်းပါးကိုဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား
အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသည်။ "မွန်မြတ်သိမ့်မွေ့ပြီး ငြိမ်းချမ်းသော
ဘာသာအဖြစ် နိုင်ငံတကာမှ သတ်မှတ် ထားသည့် ဗုဒ္ဓဘာသာ "နှင့် ဗုဒ္ဓသားတော် ရဟန်းသံဃာတော်
များအပေါ် ဘာသာရေး အစွန်း ရောက် အကြမ်းဖက် ဝါဒီများအဖြစ်
စွပ်စွဲဖော်ပြထားသည်ကို တွေ့ရှိရသည်။