Tuesday, December 31, 2013

ခရစ်နှစ် ၂၀၁၄ တွင် နှစ်သစ်ကြိုရန်အတွက် အင်းလျားကန်ပေါင်ကို အချိန်များ တိုးမြှင့်ဖွင့်လှစ်

၂၀၁၄ ခုနှစ် ခရစ်နှစ် ပြက္ခဒိန် နှစ်ဆန်း ၁ ရက် နှစ်သစ် မင်္ဂလာကို ကြိုဆိုကြမည့် လူငယ်မောင်မယ်များ အတွက် ပြည်လမ်း အင်းလျားကန်ပေါင်နှင့် ကမ္ဘာအေးစေတီလမ်း အင်းလျားကန်ပေါင်တို့ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညတွင် ပုံမှန် ဖွင့်လှစ်ထားသည့် နံနက် ၄ နာရီမှ ည ၉ နာရီ အချိန်အစား နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ အချိန်တိုး၍ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တာဝန်ရှိသူများ ထံမှ သိရသည်။

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား အစ္စရေးပြန်လွှတ်

ဒီဇင်ဘာ ၃၁
ပါလက်စတိုင်းအာဏာပိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ခြင်း သဘောတူညီချက် အစိတ်အပိုင်း တစ်ခုအဖြစ် အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း အာဏာပိုင် တစ်ဦးက ပြောဆိုသည်။ 

ရွှေကူမြို့နယ်၌ ကျေးရွာအုပ်စုအသစ် ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ် ရွှေကူမြို့နယ် ရွှေချောင်းသာ ကျေးရွာအုပ်စု အသစ်ဖွင့်ပွဲကို ဒီဇင်ဘာ (၂၉) ရက် နံနက် (၉) နာရီတွင် အဆိုပါ ကျေးရွာ၌ ကျင်းပရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးပါကြွယ်၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမောင်နှင့် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးခင်မောင်တင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ဓာတ်ငွေ့ရည် ကားချင်း တိုက်မိမှုဖြစ်ပွား

ဝမ်းတွင်း ဒီဇင်ဘာ ၃၀
ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းအပိုင်း ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၃၇၈/၄) ပြည့်စုံကုန် ကားဂိတ်အနီးတွင် ဒီဇင်ဘာ ၂၈ ရက် ည ၈ နာရီခွဲက မိတ္ထီလာမှ မန္တလေးဘက်သို့ ဦးစိုးလွင် မောင်းနှင်လာသော ဒ/----အနီရောင်  ဗြူတိမ်းဓါတ်ငွေ့သယ်ဆောင်ရေး ရှေ့ပြေးယာဉ်သည် ရှေ့မှ မောင်းနှင်နေသော ယာဉ်အား ကျော်တတ် မည်ပြုစဉ်

ငြမ်းစင်ထိပ်ရှိ မူလီပြတ်ကျ၍ လူတစ်ဦး သေဆုံး

နေပြည်တော် ဒီဇင်ဘာ ၃၀
မြိုင်မြို့နယ် ၀ယ်တောင်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ တရုတ်ကုန်း ရေနံမှော်အတွင်း ဦးတိုက်ရွှေ၏ ရေနံကျင်းတွင် ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲက ဇော်နိုင် (၃၃) နှစ်နှင့် လင်းနိုင် (၂၄) နှစ်တို့ ရေနံကျင်းထောင်းနေစဉ် ထိခိုက်မှု ဖြစ်ပွားကြောင်း ၀ယ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာသဖြင့် ဗဟင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

မိတ္ထီလာ အောင်ဆန်းရပ်ကွက်လျှပ်စစ်ဓာတ်အားပိုမိုပြည့်ဝစွာရရှိသုံးစွဲနိုင်ရေးအတွက် ဓာတ်အားခွဲရုံသစ်တည်ဆောက်

မိတ္ထီလာ  ဒီဇင်ဘာ ၃၀
မိတ္ထီလာမြို့ ၊ အောင်ဆန်းရပ်ကွက်နေ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုပြည့်ဝစွာ ရရှိ သုံးစွဲနိုင်ရေးအတွက် အဆိုပါ ရပ်ကွက်ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမဘေးတွင် ဓာတ်အားခွဲရုံသစ် တစ်ခု တည်ဆောက်လျက်ရှိကြောင်း သိရသည်။

သီလရှင်ဆရာလေးထံမှ နှစ်ကြိမ်တိုင်တိုင် လိုက်လံ ငွေလုသူ ဖမ်းဆီးစစ်ဆေးလျက်ရှိ

ဒီဇင်ဘာ ၃၀
အောင်မြေသာစံမြို့နယ်၊ ၂၂×၈၉ လမ်းထောင့်တွင်ရှိသော ကွမ်းယာဆိုင်ရှေ့တွင် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲက စစ်ကိုင်းမြို့မှ ဆွမ်းဆန်စိမ်းအလှူခံကြွလာသော သီလရှင်ဆရာလေး ၄ ပါးသည် မော်တော်ယာဉ်အား ရှောင်တိမ်းစဉ် သီလရှင် ဆရာလေးတစ်ပါး၏ ငွေကျပ် ၈၄၀၀ ပါရှိသော ပိုက်ဆံအိတ်ထွက် ကျသဖြင့် ပြန်လည်ကောက်ယူစဉ် အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်နေသူတစ်ဦးမှ ၎င်း၏ ပိုက်ဆံအိတ်ဖြစ်ပြီး ငွေတစ်သိန်းကျော်ပါကြောင်း ပြော၍လုယူရာ ကွမ်းယာရောင်း သူမှ ပြန်လည်ရယူ၍ သီလရှင်ဆရာလေးထံ ပြန်လည်ပေးအပ်ခဲ့သည်။

မရမ်းကုန်း၌ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

ရန်ကုန် ဒီဇင်ဘာ ၃၀
မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု တစ်ခုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီက ဘုရင့်နောင် နယ်မြေရဲစခန်း၌ ဒုရဲအုပ်ခင်စိုး တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အောင်သပြေ (၂) လမ်း အမှတ်(၃၁) ရှိ နှစ်ထပ်နေအိမ်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူ မအေးအေးဝင်း (၄၆) နှစ် သည် နေအိမ် အောက်ထပ်ရှိ မီးဖိုခန်း ထုတ်တန်း၌ ပလတ်စတစ် ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေကြာင်း တွေ့ရှိရသဖြင့် ဆေးစာ ရေးသားပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့အပ်ရာ PR-14 ဖြင့် လက်ခံထားရှိပြီး ဘုရင်နောင် နယ်မြေရဲစခန်းက သေမှု သေခင်းအမှတ်စဉ် (၂၁/ ၂၀၁၃) ဖြင့် အမှုဖွင့်လှစ်၍ စခန်းမှူး ရဲအုပ် ကျော်ဇောက ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ပေါင်  ဒီဇင်ဘာ ၃၀
မွန်ပြည်နယ် ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ္ဂင်လမ်း ဦးဥာဏ်အောင်၏ နေအိမ်၌ ဒီိဇင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲက မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားသည်။ မီးလောင်ရာသို့ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ မီးသတ် ဦးစီးဌာန ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမြကြိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးဝင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ကိုးစီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် သုံးနာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီခွဲတွင် မီးညွန့်ကျိုးခဲ့သည်။ မီးလောင်မှုကြောင့် အိမ် ၁၁ လုံး ဆုံးရှံးခဲ့ပြီး အိမ်ထောင်စု ၁၁ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးလောင်မှုကြောင့် လူနှင့် တရီစ္ဆာန် အသေအပျောက်မရှိကြောင်း သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ ဦးဥာဏ်အောင်အား ပေါင်မြို့ ရဲတပ်ဖွဲ့ စခန်းက အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ မြန်မာ အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၃၀
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ မြန်မာ အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဆူဒန်သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော် ဒီဇင်ဘာ၊ ၃၀၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ ဆူဒန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အိုမာ အီဆာ အာမက်သည် ယနေ့နံနက် (၁၁)နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အာဂျင်တီးနား သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်

နေပြည်တော် ဒီဇင်ဘာ၊ ၃၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ အာဂျင် တီးနား သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စ် အန်နာ မာရီယာ ရာမီး ရက်ဇ်သည် ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။ 
 
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်း ထူထောင်ရေး ဆိုင်ရာ ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေး

နေပြည်တော် ဒီဇင်ဘာ ၃၀
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ကျင်းပသည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။
အခမ်း အနားကို အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူ လေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့် လှစ် ပေးကြသည်။

Monday, December 30, 2013

အနံ့အသက်ဆိုးရွားသည့်အမှိုက်ပုံ ဖယ်ရှား

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက် မာလာနွယ်လမ်း သွယ် အထက (၃) ကျောင်းရှေ့ GL ဓာတ်ဆီဆိုင် နောက်ဖေးလမ်းအတွင်း လူမြင်မကောင်းအောင် တောင်လိုပုံနေသည့် အမှိုက်များမှ ထွက်လာသော အညစ် အကြေးနှင့် အနံ့ဆိုးများကို တာမွေ အထက (၃) ကျောင်းမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ နေ့စဉ်နှင့်အမျှ ရှူရှိုက်ပြီး စာသင်နေရခြင်း၊ ၎င်းပတ်ဝန်ကျင်တွင် နေထိုင်သော သက်ကြီးရွယ်အိုများ၊ ကလေးများ ကျန်းမားရေး ထိခိုက်ခြင်းတို့ တွေ့ကြုံနေပါသည်။

ဖိလစ်ပိုင်နိုင်ငံသားများ ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ဗီဇာမပါဘဲ မြန်မာနိုင်ငံသို့ လည်ပတ်နိုင်တော့မည်

မနီလာ ဒီဇင်ဘာ ၂၉
၂၀၁၄ ခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့အကြား ဗီဇာကင်းလွတ်ဝင်ခွင့် သဘောတူညီချက် စတင်အာဏာ တည်သည့်အခါ ဖိလစ်ပိုင်နိုင်ငံသားများသည် ဗီဇာမပါဘဲ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်က ပြောကြားခဲ့သည်။ 

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၀) ရက်
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်
၁။
သတ္တုတွင်း ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီသည် တန်ဖိုး နည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသာျးေကာက်များ မြန်မာ့ငွေကျပ်ဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ် မည် ဖြစ်ပါသည်။ ရောင်းချပွဲတွင် တန်ဖိုးနည်းကျောက်မျက်တွဲများနှင့် ကျောက်စိမ်းအသားကျောက်တွဲ C,D (စီ၊ ဒီ) အဆင့်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။