နယူးဒေလီ
နိုဝင်ဘာ ၂၁
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း လေယာဉ်တစ်စင်း၏
သန့်စင်ခန်း တစ်ခုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတန်ဖိုးရှိ ရွှေချောင်း ၂၄ ချောင်း
တွေ့ရှိခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောကြားသည်။
သန့်ရှင်းရေးအဖွဲ့က ကိုလ်ကတ္တား လေဆိပ်၌
ဂျက်လေယာဉ် တစ်စင်းပေါ်မှ အိတ်နှစ်လုံးကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ရွှေသုံးစွဲမှုနှင့် ရွှေတင်သွင်းမှု အများဆုံး နိုင်ငံဖြစ်သည်။
အိန္ဒိယ နိုင်ငံ၌ မကြာမီက လက်ဝတ်ရတနာ ပစ္စည်းများ တင်သွင်းခွင့် အခွန်နှုန်းထားများကို
၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်သည်။
တစ်ကီလိုဂရမ်ရှိ ရွှေချောင်းများ တင်ဆောင်လာသော
အဆိုပါလေယာဉ်သည် နိုဝင်ဘာ ၁၉ ရက်က ဘန်ကောက်မှ ပျံသန်းလာခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ
မီဒီယာများက ဖော်ပြသည်။
Telegraph.co.uk
No comments:
Post a Comment