Friday, November 22, 2013

ရိခေါဒါရ်မြို့၊ ထေရ၀ါဒ ဗုဒ္ဓ သာသနာပြုကျောင်း မြို့လယ် ဓမ္မာရုံ၌ စုပေါင်း မဟာ ဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်း


ရိခေါဒါရ် နိုဝင်ဘာ ၁၉
မြန်မာသက္ကရာဇ် ၁၃၇၅ ခု၊ တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် ထေရ၀ါဒ တောင်တန်း သာသနာပြုကျောင်း၊ မြို့လယ် ဓမ္မာရုံ၌ နယ်မြေခံ ရှေ့တန်း အမှတ် (၈၉) ခြေလျင် တပ်ရင်းမိသားစု၊ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန မိသားစု၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်၍ ဒေသခံ မြို့မိ မြို့ဖများ၊ ရိထိပ်တန်း (အများပိုင် ကုမ္ပဏီ)နှင့် နေလ ဆံပင်ရောင်း/ ၀ယ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ပါဝင်ကာ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့၌ စုပေါင်း မဟာ ဘုံကထိန် ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် မြို့မိ မြို့ဖ ဦးကိုလွင်က ဆောင်ရွက်ပြီး ကျောင်းထိုင် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တဇိန္ဒမှ ရေစက်ချ အနုမောဒနာ တရား ချီးမြှင့် ပေးတော် မူခဲ့ကြောင်း၊ ဆက်လက်၍ ပါဝင် လှူဒါန်းခဲ့ကြသော ပဒေသာပင် (၅)ခုမှ စုစုပေါင်း တန်ဖိုး ၂၄၉၉၁ နှင့် ကထိန် သင်္ကန်းလျာတို့အား ဆက်ကပ် လှူဒါန်း ခဲ့ကြပြီးနောက် ကြွရောက် လာသော ဧည့်ပရိတ်သတ် (၁၂၀) ဦးခန့်အား ထမင်း ဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံကာ (၁၃၃၀) နာရီအချိန်တွင် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment