Friday, November 22, 2013

အစ္စတန်ဘူးလ်တွင် အစိုးရဆန့်ကျင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွား



အစ္စတန်ဘူးလ် နိုဝင်ဘာ ၂၂
တူရကီနိုင်ငံ အစ္စတန်ဘူးလ်တွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုအတွင်း ဆယ်ကျော်သက်အရွယ် ကလေးငယ် တစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားမျှတစွာ လုပ်ဆောင်ရန် တောင်းဆိုကြသည့် ဆန္ဒပြများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ က နှိမ်နင်းတိုက်ခိုက် မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ 
 ဆန္ဒပြမှုသည် နိုဝင်ဘာလ ၂၁ ရက်နေ့က တရားရုံး တစ်ရုံး ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါတရားရုံးသည် ပြီးခဲ့သည့် ဇွန်လက Gezi Park ဆန္ဒပြမှုအတွင်း သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ်ရှိ Mehmet Ayvalitas အမှုအား စီရင်စစ်ဆေးသည့် တရားရုံး ဖြစ်သည်။ တရားခံများသည် ဆန္ဒပြလူအုပ်အတွင်း တက္ကစီကားဖြင့် အစိုးရ အတိုက်အခံများအား တိုက်ခဲ့ခြင်း ဖြစ်ရာ အဆိုပါ ကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်သည်။ တရားခံများဖြစ်သော တက္ကစီကားမောင်းသူနှင့် ပိုင်ရှင်တို့အား လူသတ်မှုဖြင့် တရားစွဲဆိုထားခဲ့ပြီး၊ အကယ်၍ ကျူးလွန်သည်ဟု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။

No comments:

Post a Comment