Saturday, November 30, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မိန့်ခွန်းပြောကြား


ရန်ကုန်၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။

စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်လှည့်လည်ခဲ့သဖြင့် ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၃၀
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် တောင်းခံ ရာတွင် ထည့်သွင်း ဖော်ပြတောင်းခံခြင်း မရှိသည့် ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သဖြင့် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

ကျွန်းစုမြို့နယ် ကျွန်းပတ်လမ်းများ ပြုပြင်ဆောင်ရွက်လျက်ရှိ



ကျွန်းစု နိုဝင်ဘာ ၂၉
ကျွန်းစုမြို့နယ်၌ ကျေးရွာပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျွန်းစုမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လမ်းဘေးဝဲ၊ ယာ မြေညှိခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ လမ်း၊ တံတား များ ဆောက်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်လှည့်လည်ခဲ့သဖြင့် ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၃၀
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် တောင်းခံ ရာတွင် ထည့်သွင်း ဖော်ပြတောင်းခံခြင်း မရှိသည့် ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သဖြင့် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ OIC အဖွဲ့နှင့် ကိုယ်စားလှယ်များအား လက်မခံနိုင်ကြောင်း ဆန္ဒဖော်ထုတ်ရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံလာသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုသင့်ကြောင်း ပြန်ကြား ချက်အရ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် ဗဟန်းမြို့နယ် ကြားတောရလမ်းမှ ဆန္ဒဖော်ထုတ်သူများ ယင်းနေ့ မွန်းလွဲ  ၁၂ နာရီ ၅မိနစ်တွင် စီတန်းလှည့်လည် ထွက်ခွာရာ၌ ခွင့်ပြုချက်တောင်းခံရာတွင် ထည့်သွင်းေ ဖ်ာပြတောင်းခံခြင်း မရှိသည့် ဘာသာရေး ယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်အား ကိုင်ဆောင်ပြီး လှည့်လည်ခဲ့သည်ကို စီစစ်တွေ့ရှိရသည့်အတွက် ပြုလုပ်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


ပုဂ္ဂလိကပိုင် သတင်း စာများ ထုတ်ဝေခွင့် ပြုခြင်း



နေပြည်တော်၊ နိုဝင်ဘာ ၃၀
ယနေ့ ၃၀-၁၁-၂၀၁၃ ရက်နေ့မှာ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ Main Press Center (MPC) မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပုဂ္ဂလိကပိုင် သတင်းစာများ ထုတ်ဝေခွင့် ပြုခြင်းနှင့် ပတ်သက်၍ အောက်ပါ အတိုင်း ထုတ်ပြန်ခဲ့ပါတယ်-

စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်လှည့်လည်ခဲ့သဖြင့် ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၃၀
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် တောင်းခံ ရာတွင် ထည့်သွင်း ဖော်ပြတောင်းခံခြင်း မရှိသည့် ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သဖြင့် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ OIC အဖွဲ့နှင့် ကိုယ်စားလှယ်များအား လက်မခံနိုင်ကြောင်း ဆန္ဒဖော်ထုတ်ရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံလာသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုသင့်ကြောင်း ပြန်ကြား ချက်အရ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် ဗဟန်းမြို့နယ် ကြားတောရလမ်းမှ ဆန္ဒဖော်ထုတ်သူများ ယင်းနေ့ မွန်းလွဲ  ၁၂ နာရီ ၅မိနစ်တွင် စီတန်းလှည့်လည် ထွက်ခွာရာ၌ ခွင့်ပြုချက်တောင်းခံရာတွင် ထည့်သွင်းေ ဖ်ာပြတောင်းခံခြင်း မရှိသည့် ဘာသာရေး ယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်အား ကိုင်ဆောင်ပြီး လှည့်လည်ခဲ့သည်ကို စီစစ်တွေ့ရှိရသည့်အတွက် ပြုလုပ်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်လှည့်လည်ခဲ့သဖြင့် ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၃၀
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် တောင်းခံ ရာတွင် ထည့်သွင်း ဖော်ပြတောင်းခံခြင်း မရှိသည့် ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သဖြင့် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ OIC အဖွဲ့နှင့် ကိုယ်စားလှယ်များအား လက်မခံနိုင်ကြောင်း ဆန္ဒဖော်ထုတ်ရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံလာသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုသင့်ကြောင်း ပြန်ကြား ချက်အရ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် ဗဟန်းမြို့နယ် ကြားတောရလမ်းမှ ဆန္ဒဖော်ထုတ်သူများ ယင်းနေ့ မွန်းလွဲ  ၁၂ နာရီ ၅မိနစ်တွင် စီတန်းလှည့်လည် ထွက်ခွာရာ၌ ခွင့်ပြုချက်တောင်းခံရာတွင် ထည့်သွင်းေ ဖ်ာပြတောင်းခံခြင်း မရှိသည့် ဘာသာရေး ယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်အား ကိုင်ဆောင်ပြီး လှည့်လည်ခဲ့သည်ကို စီစစ်တွေ့ရှိရသည့်အတွက် ပြုလုပ်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


နိုင်ငံခြား သတင်းဌာန ရုံးခွဲများ ဖွင့်လှစ်ခြင်း



နေပြည်တော်၊ နိုဝင်ဘာ၃၀
ယနေ့ ၃၀-၁၁-၂၀၁၃ ရက်နေ့မှာ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ Main Press Center (MPC) မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ နိုင်ငံခြား သတင်းဌာန ရုံးခွဲများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အောက်ပါ အတိုင်း ထုတ်ပြန် ခဲ့ပါတယ်-

မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ကချင်ရိုးရာဝတ်စုံဖြင့် ပြိုင်ရင်း စောင်းတီးဖျော်ဖြေမည်

ရန်ကုန် နိုဝင်ဘာ ၂၉
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် 53th Miss International Beauty Pageant 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှယ်မယ်အဖြစ် ဂုဏ်ရည်အေးကျော်က ၀င်ပြိုင်မည်ဖြစ်သည်။
၎င်းသည် Miss International စင်မြင့်ထက်တွင် ကချင်ရိုးယာဝတ်စုံ ၀တ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာ တူရိယာဖြစ်သော စောင်းကို တီးခတ်ဖျော်ဖြေပြ သမှုများ ပြုလုပ် သွားရန်ဖြစ်ကြောင်း သိရသည်။ ထိုပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယနေ့နံနက် ၉ နားရီက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ စာနယ်ဇင် ရှင်းလင်းပွဲ ပြုလုပ်စဉ် အချိန်တိုအတွင် ပရိတ်သတ်အတွက် မေးမြန်ဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။    ဒီပြိုင်ပွဲပြိုင်ဖို့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားပါသလဲ။
ဖြေ။     လိုအပ်တဲ့ပြင်ဆင်လေ့ကျင့်မှုတွေတော့ အများကြီး ပြုလုပ်ထားပါတယ်။ ဆရာမတွေကလည်း အနီးကပ်လေ့ကျင့်မှုတွေ ပြုလုပ်ပေးကြပါတယ်။ Miss Myanmar International Local ပြိုင်ပွဲမှာ ကတည်းက အတွေ့အကြုံတွေရယ်၊ စင်ပေါ်မှာ မေးခွန်းတိုင်း ကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တာတွေ ရယ်၊ အကောင်းဆုံး Performance တွေ ပြနိုင်ခဲ့တယ်။ အဲ့ဒီလိုအတွေအကြုံတွေ၊ လေ့ကျင့်မှုတွေ အကုန်လုံးစင်ပေါ်မှာ အသုံးချ ကြိုးစားသွားမှာပါ။
မေး။    ဘာကြောင့် ကချင်ရိုးရာဝတ်စုံဝတ်ဖို့ စီစဉ်ရတာပါလဲ။
ဖြေ။    ငြိမ်းချမ်းရေးကို ကိုယ်စားပြုပြီးတော့ အခုလို စီစဉ်တာလည်းပါပါတယ်။
မေး။   ဒီပြိုင်ပွဲ ပြိုင်ဖြစ်ရတဲ့အကြောင်းရင်းကို ပြောပြပါ။
ဖြေ။ ခုနက ဆရာမဒေါ်တင်မိုးလွင် ပြောသလို မြန်မာအမျိုးသမီးတွေဟာ အသားအရေကြည် လင် တောက်ပြောင်ကောင်း မွန်တယ်။ ကမ္ဘာ့အလယ်မှာ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင် တယ်ဆိုတာမျိုးလည်း ပါတာပေါ့။ အရင်က ဓါတ်ပုံတွေ ဗွီစီဒီတွေ ရိုက်ခဲ့တယ်။ အနုပညာလမ်းကြောင်း ပေါ်မှ ရှိခဲ့ပါတယ်။ အဲ့ဒီ လမ်းကြောင်းပေါ်မှာ အောင်မြင်ချင်တဲ့အတွက်လည်း ပါတာပေါ့။ နိုင်ငံကိုယ်စားပြုပြီးပြိုင် ရမှာ ဖြစ်လို့ အများကြီးကြိုးစားယှဉ်ပြိုင်သွားမှာပါ၊
မေး။   ဂျပန်အတွေ့အကြုံက အခုမှ ရှိတာလား၊ အရင်ကကော ရှိခဲ့ဖူးလား။
ဖြေ။     ဂုဏ်ရည်ရဲ့ အစ်မက ဂျပန်မှာ ရှိတော့ မိသားစုလိုက် ရောက်ဖူးတယ်။ဂျပန်စကားပြောလည်း နည်းနည်းသင်ထားတယ်။ ပြိုင်ပွဲပြုလုပ်တဲ့ ရည်ရွယ်ချက်ကိုက ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုကို ပျံနှံစေချင်တာမျိုး ပါတယ်လို့ သုံးသပ်မိတာကြောင့် ကြိုတင်ပြီးတော့ သူတို့ရဲ့ယဉ်ကျေးမှု ကို လေ့လာထားတာတွေရှိတယ်။
မေး။   စောင်းတီးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးပြောပြပါဦး။
ဖြေ။     စောင်းတီးခတ်မှာက မြန်မာသံစဉ်နဲ့ ဂျပန်သံစဉ်တို့ကို တီးခတ်မယ်။ မြန်မာသီချင်းအဖွင့်နဲ့ အပိတ်ကြာမှာ ဂျပန်သံစဉ်တီးခတ်မှာ ဖြစ်ပါတယ်။
မေး။   ပရိတ်သက်ကို ဘာများပြောချင်ပါသလဲ။
ဖြေ။     ဂုဏ်ရည်ကို အားပေးမယ့် ပရိတ်သက်တွေအနေနဲ့ တရားဝင်မဲပေးလို့ရနေပါပြီ။ Face Book Link တွေ ဖြစ်တဲ့ “gonyiayekyaw” ကနေလည်း မဲပေးနိုင်ပါတယ်။ Facebook ပေါ်က Page တွေ၊ Fun တွေကနေလည်း ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ၊ မဲပေးဖို့ Link တွေ Share ပေးထားပါတယ်။ အားပေးကြပါလို့ ပြောချင်ပါတယ်။
ထို Miss International Beauty Pageant 2013 ပြိုင်ပွဲသည် ၁၉၆၀ ပြည့်နှစ်ကတည်းက ကျင်းပခြင်းဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ်တွင်  (၅၃) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းအနက်မှ မြန်မာနိုင်ငံ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ထိုပြိုင်ပွဲသို့ သွာရောက်ယှဉ်ပြိုင်မည့် အလှမယ် ဂုဏ်ရည်အေးကျော်သည် ဒီဇင်ဘာ ၂ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ပျံသန်းမည့် လေယာဉ်ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ     ဂျပန်နိုင်ငံသို့ ထွက်ခွာ မည်ဖြစ် ပြီး စခန်းသွင်း လေ့ကျင့်ခြင်းတို့အပြင် ဒီဇင်ဘာ ၁၇ ရက်တွင် ပြိုင်ပွဲကြီးပြုလုပ်၍ ဒီဇင်ဘာ ၂၃၊ ၂၄ ရက်ခန့်တွင် ပြန်လည်ရောက်ရှိရန် မျှော်မှန်းထားသည်။
၎င်းသည် နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့်  ဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကျင်းပသည့် Miss Myanmar International 2013 ဆုကို ရရှိထားသူလည်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း 05B (LEHAR) အားလျော့ကျလာပြီး (၂၈-၁၁-၂၀၁၃) ညနေပိုင်း မှာ အိန္ဒိယနိုင်ငံ အရှေ့ဖက် ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်

Storm News Update
28-11-2013, 4:28 am
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း 05B(LEHAR) ဟာ (၂၇-၁၁-၂၀၁၃)ရက် ညသန်းကောင်ယံ အချိန်မှာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီး(SCS)(လေတိုက်နှုန်း (50-63 knots) အဆင့်မှ ဆိုင်ကလုန်း မုန်တိုင်း (CS) (လေတိုက်နှုန်း 34-49 knots)အဆင့်သို့ အားလျော့ကျလာခဲ့ကာ (၂၈-၁၁-၂၀၁၃) ရက် ညနေပိုင်းမှာ အိန္ဒိယနိုင်ငံ Utar Pradesh ပြည်နယ်ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက် ပါလိမ့်မယ်။
ဒေါက်တာထွန်းလွင်
မှတ်ချက်။ မနေ့ကမှ ပေါင်းတည်ဟောပြောပွဲက ပြန်ရောက်ပါတယ်။

ကျောက်တန်း မြို့နယ် မြကိုင်း တံတား ပြုပြင် ပေးစေလို



ကျောက်တန်း နိုဝင်ဘာ  ၂၉
ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ်၊ မြကိုင်း ကျေးရွာရှိ မြကိုင်း ချောင်းကူး တံတားကြီး ပျက်စီး ယိုယွင်း နေသည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ အချိန်အထိ ပြန်လည် ပြုပြင်ခြင်း မရှိခဲ့ပါ။

ရွှေဂုံတိုင် ခုံးကျော် တံတား ပြီးစီး၍ ယာဉ် စမ်းသပ် မောင်းနှင့်မည်


ရန်ကုန် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန် ချက်အရ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ကြီးကြပ် မှုဖြင့် Capital Development Ltd., သည် ရန်ကုန် အနောက်ပိုင်း ခရိုင် ဗဟန်းမြို့နယ် ကမ္ဘာအေး စေတီလမ်း ပေါ်ရှိ ဓမ္မစေတီ လမ်းဆုံနှင့် ရွှေတိဂုံ လမ်းဆုံ နေရာတို့ကို ဖြတ်ကျော်

ထားဝယ်မြို့၌ အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ


ထားဝယ် နိုဝင်ဘာ ၂၉
အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ (၂၉)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက အမှာစကား ပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းသန်းက ဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁ ၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများ စာအုပ်ထွက်ရှိ



ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီအစိုးရ တာဝန်ယူပြီးနောက်ပိုင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်များ အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများကို စုစည်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း က စာအုပ်အဖြစ်စီစဉ်၍ ၂ဝ၁၃ ခုနှစ်ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင် ဖြန့်ချိရောင်းချမည်ဖြစ်သည်။

Tuesday, November 26, 2013

မြင်းခြံ-ရန်ကုန် တိုက်ရိုက် လူစီးရထားပြေးဆွဲရန် မိတ္ထီလာဘူတာတွင် အမှတ်(၃)လမ်း ဖောက် လုပ်မည်

မြင်းခြံ-ရန်ကုန် တိုက်ရိုက် လူစီးရထား ပြေးဆွဲသွားနိုင်ရန် မိတ္ထီလာ ဘူတာတွင် အမှတ်(၃)လမ်း ဖောက်လုပ် သွားမည် ဖြစ်ကြောင်း ဦးမြင့်ဝေ (အထွေထွေ မန်နေဂျာ မြန်မာ့မီးရထား လုပ်ငန်း)၏ ပြောကြားချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း UNDP မှ ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်

မော်လမြိုင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ် သံဖြူဇရပ်မြို့ အုပ်ချုပ် ရေးမှူး ရုံး၌ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီ အစဉ် UNDP မှ ကျေးလက် ပူးပေါင်း လေ့လာ အကဲ  ဖြတ်ခြင်း၊ ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေး အစီ အစဉ် ရေးဆွဲခြင်း သင်တန်းကို နိုဝင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့ UNDP အခြေစိုက်ရုံးမှ ဦးဇော်ဝင်းစီနှင့် အဖွဲ့ဝင် များက သင်တန်း ပို့ချ ပေးပြီး သင်တန်းသို့ သင်တန်သား သင်တန်းသူ ၃၀ ခန့် တက်ရောက်၍ သုံးရက်ကြာ ဖွင့်လှစ် သွားမည် ဖြစ်သည်။

သစ္စာပြုတောင် သောက်သုံးရေ အခက် အခဲကို အများ စုပေါင်း လှူဒါန်း ငွေဖြင့် လာမည့် နွေရာသီတွင် အကောင် အထည် ဖော် ဆောင်ရွက် နိုင်တော့ မည်

မိတ္ထီလာ မြို့နယ် မိတ္ထီလာ- သဖန်း ကျေးလမ်းနှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည့် သစ္စာပြုတောင် ဘုန်းတော် ကြီးကျောင်း တွင် သီတင်းသုံး နေထိုင် သည့် သံဃာတော် များ ကြုံတွေ့ နေရသည့် သောက်သုံးရေ အခက် အခဲကို အများ စုပေါင်း လှူဒါန်း ငွေဖြင့် လာမည့် နွေရာသီတွင် အကောင် အထည်ဖော် ဆောင်ရွက် နိုင်တော့ မည်ဖြစ် ကြောင်း သိရ သည်။

Sunday, November 24, 2013

၁၃၇၅ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီး စာပေ ပညာရှင်များအား ပူဇော် ကန်တော့ပွဲ အတွက် အလှူငွေ ပေးအပ်ပွဲ ကျင်းပ

ယခုနှစ်တွင် သက်ကြီး စာပေပညာရှင်(၂၁)ဦး တိုးလာပြီး ကွယ်လွန်သူ (၂၀)ရှိ၍ စုစုပေါင်း (၁၇၁)ဦး ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်း အသီးသီးက ဝိုင်းဝန်းကူညီကြသည့် အတွက် ယခုဆိုလျှင် အလှူငွေများ ပိုမို ရရှိလာပါကြောင်း၊ သုတ၊ ရသစာပေများ၊ အသိအလိမ္မာ ဉာဏ်ပညာ စာပေများကို ရေးသား ခဲ့ကြသည့် သက်ကြီး စာပေပညာရှင်များအား ထိုက်ထိုက် တန်တန် ပူဇော် ကန်တော့နိုင်မည် ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်းဖြင့် ယနေ့ နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း အစည်းအဝေး ခန်းမ၌ ကျင်းပသည့် သက်ကြီး စာပေပညာရှင်များအား ပူဇော် ကန်တော့ပွဲ အတွက် အလှူငွေ ပေးအပ်ပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)က ပြောကြားသည်။

ပြန်ကြားရေး ဒုတိယ၀န်ကြီး ပဲခူးတိုင်းဒေသကြီးမှ ၀န်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၃
ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးပိုက်ထွေးသည် နိုဝင်ဘာ ၂၃ ရက်တွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်တွင် ပဲခူး၊ တောင်ငူ ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၀န်ထမ်းများ၊ မြန်မာ့အသံ ထပ်ဆင့်လွှင့် စက်ရုံ ၀န်ထမ်းများနှင့် ရုပ်ရှင်လုပ်ငန်းမှ ၀န်ထမ်းများအား တွေ့ဆုံခဲ့သည်။

Saturday, November 23, 2013

မြို့တွင်းလမ်းများ အဆင့်မြှင့်တင်

သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်နေ၀င်း လမ်းမကြီး မော်တော်ယာဉ်များ၊ ခရီးသွား ပြည်သူများ၊ မြို့နေဒေသခံများ အသုံးပြုများသော အဓိက လမ်းမကြီး ဖြစ်ပါသည်။ အဆိုပါ လမ်းမကြီးတွင် မိုးတွင်းကာလ ရေတိုက်စားခြင်း၊ မော်တော် ယာဉ်ကြီးများ သွားလာမှု များ၍ လမ်းများ ပျက်စီးခဲ့ရာ ယခု ပျက်စီးနေသော လမ်းမကြီးအား စည်ပင်သာယာရေး အဖွဲ့မှ ကွန်ကရစ်လမ်း အဖြစ် အဆင့် မြှင့်တင်နေကြောင်း သတင်းရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် Shanti Volunteer Association နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး



နေပြည်တော် နိုဝင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာနနှင့် Shanti Volunteer Association နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် သည်။ လက်မှတ် ရေးထိုးပွဲသို့ ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ် တက်ရောက် ချီးမြှင့်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်နှင့် Shanti Volunteer Association မှ ဥက္ကဋ္ဌ Mr. Kyoei Wakabayashi တို့က လက်မှတ် ရေးထိုးကြပြီး နားလည်မှု စာချွန်လွှာကို အပြန်အလှန် လဲလှယ်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် IMS ( International Media Support) တို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး




နေပြည်တော် နိုဝင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်နှင့် IMS မှ Myanmar Project Coordinator Glen K. Swansonတို့သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် IMS( International Media Support) တို့ အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမှုကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

လွတ်လပ်၍ တရားမျှတမှုရှိပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများက ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လို



ရန်ကုန် နိုဝင်ဘာ ၂၂
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဝါးတန်းလမ်းရှိ ပန်ဒါဟိုတယ်၌ ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဟာဗျူဟာရေးဆွဲရေးကော်မတီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးညှိနှိုင်းပွဲသို့ တက်ရောက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး အမှာစကား ပြောကြားသည်။

Friday, November 22, 2013

ရိခေါဒါရ်မြို့၊ ထေရ၀ါဒ ဗုဒ္ဓ သာသနာပြုကျောင်း မြို့လယ် ဓမ္မာရုံ၌ စုပေါင်း မဟာ ဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်း


ရိခေါဒါရ် နိုဝင်ဘာ ၁၉
မြန်မာသက္ကရာဇ် ၁၃၇၅ ခု၊ တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် ထေရ၀ါဒ တောင်တန်း သာသနာပြုကျောင်း၊ မြို့လယ် ဓမ္မာရုံ၌ နယ်မြေခံ ရှေ့တန်း အမှတ် (၈၉) ခြေလျင် တပ်ရင်းမိသားစု၊ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန မိသားစု၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်၍ ဒေသခံ မြို့မိ မြို့ဖများ၊ ရိထိပ်တန်း (အများပိုင် ကုမ္ပဏီ)နှင့် နေလ ဆံပင်ရောင်း/ ၀ယ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ပါဝင်ကာ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့၌ စုပေါင်း မဟာ ဘုံကထိန် ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် မြို့မိ မြို့ဖ ဦးကိုလွင်က ဆောင်ရွက်ပြီး ကျောင်းထိုင် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တဇိန္ဒမှ ရေစက်ချ အနုမောဒနာ တရား ချီးမြှင့် ပေးတော် မူခဲ့ကြောင်း၊ ဆက်လက်၍ ပါဝင် လှူဒါန်းခဲ့ကြသော ပဒေသာပင် (၅)ခုမှ စုစုပေါင်း တန်ဖိုး ၂၄၉၉၁ နှင့် ကထိန် သင်္ကန်းလျာတို့အား ဆက်ကပ် လှူဒါန်း ခဲ့ကြပြီးနောက် ကြွရောက် လာသော ဧည့်ပရိတ်သတ် (၁၂၀) ဦးခန့်အား ထမင်း ဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံကာ (၁၃၃၀) နာရီအချိန်တွင် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အစ္စတန်ဘူးလ်တွင် အစိုးရဆန့်ကျင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွား



အစ္စတန်ဘူးလ် နိုဝင်ဘာ ၂၂
တူရကီနိုင်ငံ အစ္စတန်ဘူးလ်တွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုအတွင်း ဆယ်ကျော်သက်အရွယ် ကလေးငယ် တစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားမျှတစွာ လုပ်ဆောင်ရန် တောင်းဆိုကြသည့် ဆန္ဒပြများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ က နှိမ်နင်းတိုက်ခိုက် မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ 

မြန်မာ့ပင်လယ်ပြင် အခြေအနေ

နိုဝင်ဘာ ၂၁
မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်မည်။
(ကြေးမုံ)

ရွှေချောင်း ၂၄ ချောင်းအား အိန္ဒိယနိုင်ငံ လေယာဉ်သန့်စင်ခန်းတွင် တွေ့ရှိ

နယူးဒေလီ နိုဝင်ဘာ ၂၁
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း လေယာဉ်တစ်စင်း၏ သန့်စင်ခန်း တစ်ခုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတန်ဖိုးရှိ ရွှေချောင်း ၂၄ ချောင်း တွေ့ရှိခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောကြားသည်။
သန့်ရှင်းရေးအဖွဲ့က ကိုလ်ကတ္တား လေဆိပ်၌ ဂျက်လေယာဉ် တစ်စင်းပေါ်မှ အိတ်နှစ်လုံးကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။ 

တကမ္ဘာလုံးမှာ အပူပိုင်းမုန်တိုင်းဆိုလို့ Helen တစ်လုံးတည်းပါ။



Helen of BOB ပါ။
Brad Pit ရဲ့ Helen of Troy နဲ့ အပြိုင်ပေါ့ဗျာ။
မောင်ထွန်းလွင် (မိုးလေ၀သ)
(မှတ်ချက် - ဦးထွန်းလွင် ဖေ့ဘွတ်ခ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)