Thursday, October 31, 2013

ဂန့်ဂေါ စစ်မှု ထမ်းဟောင်း ပညာသင် ထောက်ပံ့



မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီက ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပညာ သင်ကြား လျှက်ရှိသော ဂန့်ဂေါ မြို့နယ် စစ်မှု ထမ်းဟောင်း အဖွဲ့ဝင် များ၏ သားသမီးများ အတွက် ပေးပို့သည့် ပညာ သင် ထောက်ပံ့ ငွေများအား ပေးအပ် ထောက်ပံ့ပွဲကို အောက်တိုဘာ ၂၅ ရက်က ဂန့်ဂေါ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် မူလတန်း ဆင့် ကျောင်းသား/ကျောင်းသူ ၂၁ ဦး၊ အလယ်တန်းဆင့် ကျောင်း သား/ကျောင်းသူ ၂၇ ဦး၊ အထက်တန်းဆင့် ကျောင်းသူ ၄၀ ဦးနှင့် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူ ၆ ဦး တို့အား မြို့နယ် စစ်မှု ထမ်းဟောင်း အဖွဲ့ ဥက္ကဌ ဗိုလ်ကြီးဝင်းနိုင် (ငြိမ်း)က စုစုပေါင်း ထောက်ပံ့ငွေ ၁၅၃၅၀၀၀ ကျပ်ကို ထောက်ပံ့ ပေးအပ် ကြောင်း သိရသည်။
ပညာသင် ထောက်ပံ့ ငွေပေး အပ်ပွဲသို့ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးလှဝင်းအောင်၊ ဌာန ဆိုင်ရာ အကြီး အကဲများ၊ စစ်မှု  ထမ်းဟောင်း အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက် ကြကြောင်း သိရ သည်။

No comments:

Post a Comment