Thursday, October 31, 2013

နိုင်ငံခြားသားများအတွက် တစ်ခါသုံးဆင်းကတ်များ ရောင်းချမည်


နေပြည်တော် အောက်တိုဘာ ၃၀
မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်သို့ ခေတ္တလာရောက် လည်ပတ်သော နိုင်ငံခြားသားများ ဆက်သွယ်မှု လွယ်ကူစေရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တစ်ခါသုံး (One Time) GSM Perpaid SIM ကတ်များကို တစ်ကတ်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ် (Passport) ပြသဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

တစ်ခါသုံး (One Time) GSM Perpaid SIM ကတ်များ၏ သက်တမ်း ကာလမှာ တစ်လဖြစ်၍ ပြည်တွင်း ခေါ်ဆိုမှု မိနစ် ၅၀၊ ခေါ်ဆိုမည့် နိုင်ငံပေါ် မူတည်၍ ပြည်ပခေါ်ဆိုမှု အများဆုံး ၁၉ မိနစ်ထိ  သုံးစွဲနိုင်မည် ဖြစ်ပြီး Local SMS Service နှင့် Internet အသုံးပြုနိုင်မည့် Mobile Data Service များ ပါဝင်မည်ဟု သိရသည်။
သက်တမ်း ကာလ တစ်လအတွင်း ငွေထပ်မံ ဖြည့်တင်း၍ အသုံးပြု နိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

No comments:

Post a Comment