Thursday, October 31, 2013

သြစတြေးလျနိုင်ငံမှ သွားရောက်ပါဝင်ခဲ့သော အရှည်ကြာဆုံးသော စစ်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ၀န်ကြီးချုပ် ပြော

ကင်ဘာရာ အောက်တိုဘာ ၃၀
ဩစတြေးလျနိုင်ငံမှ သွားရောက် ပါဝင်ခဲ့သော အရှည်ကြာဆုံးသော စစ်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်၍ အာဖဂန် နစ္စတန်နိုင်ငံ   ဥရုဇ်ဂန်အရပ်မှ တပ်ဖွဲ့ဝင်များ ဆုတ်ခွာနေပြီဖြစ်ရာ ယခုနှစ်ကုန်ပိုင်းတွင် ရုပ်သိမ်းထွက်ခွာမှု ပြီးဆုံးလိမ့်မည် ဖြစ်ကြောင်း အာဖဂန်နစ္စတန်သို့ တိတ်တဆိတ်ရောက်ရှိနေသော ဝန်ကြီးချုပ် တိုနီအက်တ်ဘော့ဇ်က ကြေညာချက် တစ်ရပ် ထုတ်ပြန် လိုက်သည်။

ဆယ်စုနှစ် တစ်စုကျော်ကြာ အာဖဂန်နစ္စတန် စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲခဲ့ကြသော တပ်ဖွဲ့ဝင်များအား  အသိအမှတ် ပြုရန်နှင့် စစ်ပွဲအတွင်း သေဆုံးသွားသော ဩစတြေးလျတပ်ဖွဲ့ဝင်  ၄၀ ကို  ဂုဏ်ပြုအသိ အမှတ်ပြုရန် အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ တာရစ်ကော့သို့ ရောက်ရှိလာကြောင်းဖြင့်လည်း ကြေညာချက်တွင် ဖော်ပြထား သည်။ အာဖဂန်စစ်ပွဲသည် ခက်ခဲရှုပ်ထွေးသော စစ်ပွဲဖြစ်ပြီး ဩစတြေးလျနိုင်ငံမှ သွားရောက်ပါဝင်ခဲ့သော  အရှည်ကြာဆုံး သော စစ်ပွဲအဆုံးသတ်ခြင်းလည်း ဖြစ်ကြောင်း၊ အနိုင်အရှုံးမရှိသည့် စစ်ပွဲလည်းဖြစ်ကြောင်း   ၎င်းက အခမ်း အနားတွင် ပြောကြား လိုက်သည်။
ဩစတြေးလျအစိုးရ၏ တရားဝင်စာရင်းအရ အာဖဂန်နစ္စတန်နိုင်ငံ၌ ဩစတြေးလျတပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော်  တာဝန် ထမ်းဆောင်ခဲ့ရာ  စစ်ပွဲအတွင်း ၄၀  သေဆုံးပြီး  ၂၆၀  ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ အာဖဂန် နစ္စတန်နိုင်ငံ တွင် လောလောဆယ် တာဝန်ထမ်းဆောင်နေသည့် ဩစတြေးလျတပ်ဖွဲ့ဝင် ၁၀၀၀  ရှိပြီး နှစ်ကုန်ပိုင်းတွင် နေအိမ်သို့ အသီးသီး ပြန်ကြလိမ့်မည်ဟု ဆိုသည်။   
အမ်အင်န်အေ၊ဆင်ဟွာ

No comments:

Post a Comment