Thursday, October 31, 2013

ရေလွတ်ရာသို့ နွားများ ရွှေ့ပြောင်းသည့် သားအဖ ရေနစ်သေဆုံး

ရေတာရှည် အောက်တိုဘာ ၃၀
အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ရေတာရှည်မြို့နယ် ဆွာရွာမ ကျေးရွာနှင့် ခင်တန်းကျေးရွာ အကြား၌ စစ်တောင်း မြစ်ရေ လွတ်ရာသို့ နွားများအား ပို့ဆောင်စဉ် ကြိုးများဖြင့် ရစ်ပတ်မိပြီး သားအဖနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆွာနယ်မြေ ရဲစခန်းအပိုင် ဆွာရွာမကျေးရွာနေ ဦးသိန်းတန် (၄၆)နှစ်၊ သားဖြစ်သူ ကျော်စွာထက် (၁၂)နှစ်နှင့် သမီးဖြစ်သူ မပြည့်ပြည့်ခိုင် (၁၅)နှစ်တို့ သုံးဦးသည် စစ်တောင်းမြစ်ရေ မြင့်တက်လာသည့်အတွက် နွား ၁၃ ကောင်အား ရေလွှတ်သည့် ခင်တန်းကျေးရွာသို့ ရေပြင်ကိုဖြတ်ကာ မောင်းနှင်စဉ် နွားကြိုးများဖြင့် ရစ်ပတ်မိပြီး ဦးသိန်းတန်နှင့် သားဖြစ်သူ ကျော်စွာထက် တို့နှစ်ဦးမှာ ရေနစ်သေဆုံးခဲ့သည်။ ထိုသို့ရေနစ်စဉ် သမီးဖြစ်သူက ကျေးရွာသို့ပြန်၍ အကူအညီ တောင်းခံရာ ရွာသူရွာသားများက ၀ိုင်းဝန်းရှာဖွေခဲ့စဉ် ဦးသိန်းတန်၏ အလောင်းအား နံနက် ၁၀ နာရီတွင် ပြန်လည် တွေ့ရှိခဲ့ပြီး သားဖြစ်သူ မောင်ကျော်စွာထက်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းသိရ၍ ဆွာနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၇/ ၂၀၁၃) ဖြင့် စစ်ဆေးဆောင်ရွက် ထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment